သို့ မိမာယာ

Saturday, January 19, 2013


ကဗျာမရေးချင်ဘူး မိမာယာ
နင့်အကြောင်းစဉ်းစားရင်းနဲ့ ငါ့ရင်ဘတ်တွေ မောနေလို့ပါ။
ရင်ဘတ်နဲ့ ရေးတဲ့ကဗျာ နင်ခံစားလို့ရပါစ
ကဗျာနဲ့ နင် ...နင်နဲ့ကဗျာ တွဲတွဲပြီးမှတ်တဲ့ ငါ့အသည်းကို ငါသနားလို့ပါမိမာယာ
ပလီပလာစကားတွေနဲ့ ငြူစူကာ ချွဲတက်ပေမယ့်
နင်င့ါကို ချစ်ခဲ့မှန်း ငါသိခဲ့ပြီးသားပါ မိမာယာ
နင့်အချစ်တွေမှာ မုသားပါစေနဲ့လို့ ဆုတောင်းခဲ့တာလည်း အခါခါ၊ ဆုတောင်းပြည့်ခဲ့တာလား ဆုတောင်းမှားခဲ့တာလားဆိုတာတော့ နင်အသိဆုံးပါ မိမာယာ
အလွမ်းတွေနဲ့အပြန်မှာ ပန်းတွေ ဘာလို့မခင်းထားတာလည်းလို့ ငါမပြစ်မတင်တော့ပါဘူး
ဇာတာကိုက ဆူးခင်းလမ်းမှာလျှောက်ရမဲ့ ဇာတာနဲ့မွေးလာမိတာကို

အချစ်တွေပေးလို့ အချစ်တွေယူခဲ့ပြီးကာမှ အပြစ်တွေနဲ့ အမုန်းတွေပါ အဆစ်ပေးလာတော့ မယူလို့မကောင်းဘူးပေါ့ မိမာယာ ငါက အားနာတက်တာကိုး။
နောင်မှ ရတဲ့ နောင်တမှာ နင့်ကို ချစ်တဲ့အချစ်တွေ မပါဘူး မိမာယာ။
ချစ်ခြင်းမှာ အပြစ်တွေ မရှိပါဘူး။ နင်ကသာ ငါ့ကမ္ဘာလို့ ထင်မှတ်မိတဲ့ ငါ့နှလုံးသားပေါက်စပဲ အပြစ်တင်ရမှာပါ မိမာယာ
နာကျင်စရာတွေ အချစ်တွေနဲ့ ပြည်ဖုံးကားချထားပြီးသားပါ

မိမာယာရယ်
အပြစ်မတင်ပါဘူး
ချစ်ခင်တဲ့လူများပါစေ
အခက်အခဲတွေကြုံတိုင်း
ရှေ့က ရပ်တည်ခဲ့တဲ့ ငါ
မင်းအတွက် မီးပြတိုက်မဟုတ်ရင်တောင်မှ
မင်းသွားရာလမ်း ဖြောင့်ဖြူးသာယာဘို့
မြေခ ကြွေကျပေးရတဲ့ သစ်ရွက်လေးဆိုရင်တောင်
ငါ နောင်တမရပါဘူး။
ရောက်ရာအရပ်မှာ ပျော်ပါစေ...မိမာယာ

0 comments:

Post a Comment