နံနက်ခင်းတိုင်း
မိုးတွေလင်းတိုင်းမှာ
ချုပ်ရိုးအပျိုင်းပျိုင်းနဲ့ 
မျဉ်းကြောင်းတိုင်းက
စကားလုံးတွေ စီလို့ ရီနေကြတယ်
ကဗျာတစ်ပုဒ်ရေးဘို့
ငါ့အတွက် ဗလာစာအုပ်မလိုဘူးလေ..၊
နှလုံးသားပေါ်သီကုံးလို့
ရင်ဘတ်ပေါ်ချရေးပစ်လိုက်တယ်
စုတ်ချက်တိုင်းမှာ နှလုံးသွေးတွေ
ခင်းလို့ရင်းထားတယ်...
မင်းသိရဲ့လား...?
လွမ်းချင်းထဲက ဆေးစက်တွေတိုင်းကို
နှလုံးသွေးနဲ့ ရေးတက်ခဲ့တယ်ဆိုတာ...၊
ငါ့ဗလာစာအုပ်ထဲ
နင် ရှိတယ်
ငါရှိတယ်
နင့်ကိုလွမ်းတဲ့ အလွမ်းတွေရှိတယ်
စာမျက်နှာတွေဘယ်လောက်များများ
ငါမြတ်နိုးတဲ့ တစ်မျက်နှာလေးကို
ငါ့ရင်ခွင်အလယ် ထွေးဖက်ထားမယ်
တစ်ရေးလောက် မှေးစက်လိုက်ပါလား ချစ်သူ..။
သတိရခြင်းတွေ တစ်သက်မပြယ်ဘို့ အနမ်းတစ်ပွင့်တော့လိုမယ်လေ. .။
(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe
မိုးတွေလင်းတိုင်းမှာ
ချုပ်ရိုးအပျိုင်းပျိုင်းနဲ
မျဉ်းကြောင်းတိုင်းက
စကားလုံးတွေ စီလို့ ရီနေကြတယ်
ကဗျာတစ်ပုဒ်ရေးဘို့
ငါ့အတွက် ဗလာစာအုပ်မလိုဘူးလေ..၊
နှလုံးသားပေါ်သီကုံးလို့
ရင်ဘတ်ပေါ်ချရေးပစ်လိုက်တယ်
စုတ်ချက်တိုင်းမှာ နှလုံးသွေးတွေ
ခင်းလို့ရင်းထားတယ်...
မင်းသိရဲ့လား...?
လွမ်းချင်းထဲက ဆေးစက်တွေတိုင်းကို
နှလုံးသွေးနဲ့ ရေးတက်ခဲ့တယ်ဆိုတာ...၊
ငါ့ဗလာစာအုပ်ထဲ
နင် ရှိတယ်
ငါရှိတယ်
နင့်ကိုလွမ်းတဲ့ အလွမ်းတွေရှိတယ်
စာမျက်နှာတွေဘယ်လောက်များမျ
ငါမြတ်နိုးတဲ့ တစ်မျက်နှာလေးကို
ငါ့ရင်ခွင်အလယ် ထွေးဖက်ထားမယ်
တစ်ရေးလောက် မှေးစက်လိုက်ပါလား ချစ်သူ..။
သတိရခြင်းတွေ တစ်သက်မပြယ်ဘို့ အနမ်းတစ်ပွင့်တော့လိုမယ်လေ.
(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe

0 comments:
Post a Comment