ရွှေမိုးရယ် မညိုပါ
ပြိုလာတော့ ရွှဲ
လေပြင်းနဲ့ အပြိုင်နွှဲ
ပိတောက် ကတဲ့ ပွဲ
@ လူစိုး
လမ်းခွဲ
Labels:
ကိုယ်ပိုင်ကဗျာ
နွေရောက်ပြီလေ
မေပိတောက်တွေ ကြွေရှာရောပေါ့
ဖြေကာပြောတော့ ချစ်သူရေ
(အခုတော့လည်းလေ)
ရင်မောသူ အပူမသိမ်းအောင်
အယူတိမ်းလို့ စိမ်းရက်တယ်
အထိန်းခက်တယ် သခင်ယုံမလား
အကြင်နာပုံ အပူလှိုင်းက
ဝင်ကာခုန် ရင်ခွင်ရိုင်းကိုပ
မှိုင်းတိုက်လို့ လှုံ ။
အတိတ်တံခါး ပိတ်သွားခဲ့လို့များ
ကံကုန်လို့ ဝေးကမ္ဘာခြား
ပြန်ဆုံဘို့ ဆွေးမှာလား
အတွေးကမ္ဘာသွားချင်ပေမယ့်
အမုန်းသခင်စေလှဲ့တော့
အသက်ပင်ဆုံးပစေပေါ့
အရှုံးသဘင် ဆင်နွဲပါ့မယ်
ပွဲကြည့်ပါ့ အရှင် ။
@ လူစိုး
" ချစ်သူလက်နဲ့ကတဲ့ပွဲ "
Labels:
ကိုယ်ပိုင်ကဗျာ
လိုက်ကာတစ်စ ... ပိတ်ကားတစ်ချပ်နဲ့
မီးမလာတဲ့ ရက်မှာ
ငါကတဲ့ ပြဇာတ်က
လက်တစ်စုံပျောက်နေတဲ့ နှစ်ပါးခွင်.။
ညှို့အားပြင်းနှုတ်ခမ်းပါးတစ်
အသွေးသားထဲခိုက်နေအောင်စိမ်
တဆစ်ဆစ်နဲ့နာနေတဲ့ရင်ကို
ငါအဆုံးသတ်ခွင့်ပေးလိုက်ချင
ကလက်စ ဇာတ်မှာ
အမုန်းကို ပျိုး သူတဲ.လား
နှစ်ပါးခွင် အလယ် နာကျင်ခံခက်ခြင်းမှာ
ပျောက်ဆုံးနေ သော လက်တစ်စုံ
ရှာဖွေ ပေးပါ..
အများအမြင် ပနံမတင့်ပေမယ့်
အပျံသင် အတောင်ကျိုး
ဘ၀ဆိုးတဲ့ ငနဲအတွက်
အဲဒီအသည်း ဘယ်သူရင်းရဲမှာလည်း
ရင်းရဲသူ ထိုထိုလူသည်
ဒီဇဗ္ဗူရူးမိုက် ခံစားချက်နောက်လိုက် တဲ့
ကဗျာဆရာ မည်မတ္တသာဖြစ်တော့သည်။
လျော့ရဲရဲ ခိုင်မြဲတဲ့ လက်အစုံကြားမှာ
လူလားမြောက်ခဲ့တဲ့ ကျွန်တော်
ခေတ်ပေါ် မျက်နှာဖုံးတွေကြားမှာ
ရှေ့ မတိုးသာ နောက်မဆုတ်သာနဲ့ပေါ့ ။
ရှောင်ဖယ်လေတဲ. ကံကြမ္မာ
မုန်းမာန်ဖွဲ.လို. လေစိမ်းတွေတိုက်
ခြေတစ်လှမ်းက အသင်္ချေ ဝေးကွာလေသား
ပျောက်သောသူ ရှာရင်တွေ့စေ
ကြာရင်မေ့စေလို့ သခင်ထင်
စင်ပြန်လာ အချစ်ကြွင်းကိုပ
ဆင်းသက်လို့ ကြွေ
နင်းဖျက်လို ခြေ
ချစ်သူရေ ဘယ်ဆီပုန်း
သူလေ မုန်းရက်တယ်... ။ ။
Create By : လူစိုး ( Soe Min Tun ), ဆိုခဲစေ မြဲစေ ( တာတီး)
" မိုးစက်ပြာ "
Labels:
ကိုယ်ပိုင်ကဗျာ
မုတ်သုန်လေ ရာသီပျိုး
ဒီမိုးတွေရွာ
ချစ်သူအလာ စိတ်မျှော်ကိုး
ကြည်ဖြိုးဝေဆာ
ရင်ဝေဒနာ တိုးစေလို့လေ
ပြန်မလာသူ မိုးတွေညို့စေ
မေအလာ မျှော်ကာကိုးစေလို့
လှမ်းခဲ့လို့ သွက်သွက်လာ
မိုးမပက်ခင် အမှီလာလို့
အကြင်သူအနား တိုးဖက်ပါ
သည်မိုးမှောင်တုန်း မောင်ပုန်းဘို့လေ
ချစ်သူပါးမို့မို့ထက်သို့ ရွာသွန်းလျှက်ပါ မိုးစက်ပြာ
@ လူစိုး
Subscribe to:
Comments (Atom)









